ကျမတို့ လင်မယားနှစ်ယောက်စလုံးက ဆေးကုမ္ပဏီဝန်ထမ်းတွေပါ ကျမတို့မှာ၂နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပါတယ် ကျမတို့အလုပ်သွားရင် ကလေးထိန်းပေးဖို့ဆိုပြီး နယ်မှာရှိတဲ့ကျမရဲ့အမအရင်း အပျိူကြီးကို အိမ်ခေါ်ထားတာပါ အမက ကျမထက်၅နှစ်ကြီးပါတယ် အမရှိတော့ အစစအရာရာအဆင်ပြေခဲ့တယ် အိမ်မှုကိစ္စရော ကလေးကိစ္စရော ကျမဘာမှပြန်လှည့်ကြည့်စရာမလိုအောင် အဆင်ပြေခဲ့လို့ ကျမတို့လင်မယားနှစ်ယောက်လုံး စီးပွားရေးကို စိတ်အေးလက်အေးနဲ့ လုပ်ခဲ့ရတယ် ကျမတို့လဲအမကို ကျေးဇူးတင်တဲ့အနေနဲ့ လတိုင်းမုန့်ဖို့ပေး ကန်တော့တယ် အမရှိနေလို့သာ ညီမလေးတို့အဆင်​ပြေနေတာ အမကိုအရမ်းကျေးဇူးတင်တယ်နော် အမချစ်သူရလို့ အိမ်ထောင်ပြုချင်ရင် ကြိုပြောနော် လို့တောင် ပြောထားသေးတယ် အမက ငါကအိမ်ထောင်မပြုတော့ဘူး ငါ့တူမလေးကိုထိန်းရင်း အပျိုကြီးဘဲ လုပ်မှာလို့ အမြဲပြောခဲ့တယ် အရင်ကဆိုရင် အမနဲ့ကျမယောကျာ်းကို တခါမှ သံသယ မဝင်ခဲ့ဖူးဘူး နောက်ပိုင်းတော့ သံသယစိတ်တွေ နည်းနည်းဝင်ခဲ့မိတယ် ကျမတို့က ဆေးကုမ္ပဏီမှာလုပ်တာတူပေမဲ့ ကုမ္ပဏီချင်းမတူ​ကြသလို နယ်သွားရတာချင်းလဲ မတူကြဘူး တစ်ခါတလေကျမက ကျမအဖွဲ့တွေနဲ့ နယ်ဘက်ကို ညအိပ်ခရီးတွေသွားရတယ် သူကလဲရုံးမှာကျန်တဲ့ရက်ကျန်တယ် တခြားနယ်ဘက်ကိုလဲ သူ့အဖွဲ့တွေနဲ့ ညအိပ်ခရီးထွက်ရတဲ့အခါလဲရှိတယ် ကျမတို့မိသားစုက တနဂ်နွေတရက်ဘဲ စုံစုံလင်လင်ရှိတယ် သူနဲ့သမီးလေးနဲ့ အမနဲ့ဘဲကျန်ခဲ့တဲ့ ရက်ရှိသလို ကျမနဲ့သမီးလေးနဲ့အမနဲ့ဘဲ ကျန်ခဲ့တဲ့ရက်တွေလဲရှိတယ် နောက်တော့ သူနယ်ဘက်ခရီးထွက်တဲ့ နေ့တွေဆိုရင် အကြောင်းပြချက်တွေ များလာတယ် နေမကောင်းလို့ ဗိုက်နာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုံးတက်ပြီး


 

အိမ်ပြန်အိပ်တဲ့ရက်ကများနေတယ် ဒါကိုလဲ သူ့ရုံးကလူတွေ ပြောပြမှ ကျမသိရတယ် နင့်ယောကျာ်းကိုဂရုစိုက်အုန်း အခုနောက်ပိုင်းခဏခဏနေမကောင်း ဖြစ်တယ်နော်တဲ့ ဂျာကြီးလဲစိတ်ဆိုးနေပြီး နယ်ဘက်ခရီးတွေပျက်နေတယ်တဲ့ .. သူ့ကိုမေးကြည့်တော့လဲ ဟုတ်တယ်တဲ့ အခုတလော ကိုနေလို့သိပ်မကောင်းလို့တဲ့ ဘာလို့ကျမကို မပြောပြတာလဲမေးတော့ ချစ်အလုပ်ပင်ပမ်းနေမှန်းသိလို့ တမင်မပြောတာတဲ့ အမဂရုစိုက်ပေးပါတယ် ကိစ္စမရှိပါဘူးတဲ့ ဒါလဲကျမ သံသယ မဝင်သေးဘဲ အမကိုတောင် အားနာလိုက်သေးတယ် နောက်တော့ညဘက်တွေ ကျမတရေးနိုး ရေထသောက်ရင် သူ့ကိုလဲမီးဖိုခန်းမှာတွေ့တယ် ဘာလုပ်နေတာလဲမေးတော့ တရေးနိုးလို့ဗိုက်ဆာတာနဲ့ ဘာရှိသေးလဲဆိုပြီးလာရှာတာတဲ့ မကြာခဏအဲ့လိုတွေ့တော့မှ ကျမသံသယဝင်လာခဲ့တာ တရက်မှာကျမ အမကိုစျေးသွားပေးပါလားဆိုပြီး ယောကျာ်းကို လိုက်ပို့ခိုင်းလိုက်တယ် အမမရှိတုန်း အမအခန်းထဲ ကျမဝင်မွှေကြည့်တာ အမဖတ်နေတဲ့စာအုပ်ကြားက ဆီးစစ်တံလေးထွက်လာတယ်ကျမကြက်သေသေသွားခဲ့ပြီး အံ့သြဝမ်းနည်းလွန်းပြီး ခံစားချက်တွေက အဲ့အချိန်မှာ ဘာဖြစ်သွားမှန်း ကျမမသိတော့ဘူး အပျိုကြီးတစ်ယောက်ရဲ့အခန်းမှာဆီးစစ်တံက လုံးဝရှိမနေသင့်ဘူးလေ မျဉ်းကတစ်ကြောင်းဘဲပေါ်ပေမဲ့ အမစစ်ထားခဲ့တာ အမဘယ်သူနဲ့ဖြစ်ခဲ့တာလဲ အမမှာချစ်သူရည်စားလဲ မရှိခဲ့ဘူးဆိုရင် ဒါကဘယ်သူလက်ချက်လဲ ကျမ အမကိုရော ယောကျာ်းကိုပါ အပြည့်အဝ ယုံကြည်ထားတာလေ ကျမဒီကိစ္စကို ဘယ်သူ့ကိုမှမမေးရဲဘူး အမကိုလဲ မမေးရဲသလို ယောကျာ်းကိုလဲ မမေးရဲဘူး သူတို့ဆီကထွက်လာတဲ့အဖြေကို ကျမ နားမထောင်ရဲဘူး ကျမဘာဆက်လုပ်ရမှာလဲ အမရယ် ကျမကိုအကြံလေးပေးပါအုန်း ကျမတကယ်ပြိုလဲနေပီးတဲ့...😪 ပထမတော့ ညီမလေးက ဒီစာကိုလိုင်းပေါ်မတင်ခိုင်းဘူး သူရှက်လို့တဲ့ အမရဲ့အကြံဉာဏ်လေးဘဲ ပေးပါတဲ့ ညကတော့လာပြန်ပြောတယ် တင်ပေးပါအမရေ သူများတွေပြောတဲ့ စကားသံကိုလဲ နားထောင်ကြည့်ချင်လို့တဲ့..... ဒီညီမလေးကို အားပေးစကားနဲ့အတူ အကြံဉာဏ်လေးတွေ ရေးပေးသွားကြပါအုန်းရှင့်